တင်ညွန့်ရဟန်းတစ်ပါး ဆွမ်းခံကြွလာသည်။ရွာထဲကလူတွေ ဆင်းရဲကြသည်။ တစ်မိုင်ခန့် ရှည်လျားသော ရွာတန်းရှည်၏ ထက်ဝက်ခန့်ကို ရောက်လာ သော်လည်း ဆွမ်းထွက်လောင်းမည့်သူ တစ်ဦးမျှ မရှိသေး။ ရဟန်းက ဆွမ်းခံဆက်ကြွနေသည်။တစ်နေရာ အရောက်တွင်“ရပ်တော်မူပါဦးဘုရား” ဟု အော်သံကို ကြားလိုက်ရသဖြင့် ရဟန်းက ဆွမ်းရပ်လိုက်သည်။အိမ်ကြီးအိမ်ကောင်းထဲက အသံဖြစ်သည်။ မကြာမီ ထိုအိမ်ထဲက လူတစ်ယောက် ထွက်လာသည်။ […]
ရှိမာန … မရှိမာန
ရှိမာန … မရှိမာနတင်ညွန့်ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူ ခင်သိန်းတို့ မန္တလေးမှ ကားနှင့်ပြန်လာကြသည်။ ကျွန်တော်က ကားနောက် ခန်းတွင် ထိုင်ရင်း စာဖတ်ရန်ဖြစ်သော်လည်း ခင်သိန်းက စကားပြောလိုသောကြောင့် ရှေ့ခန်းကိုခေါ်သဖြင့် ရှေ့ခန်းတွင် လိုက်ရသည်။ ကျွန်တော်က ကားကြုံလိုက်သူ။“ငါအိပ်ငိုက်မှာ စိုးလို့ပါကွာ” ဟု သူကဆိုသည်။အမြန်လမ်းတွင် အိပ်မငိုက်ရန် အရေးကြီးသည်။ အိပ်ငိုက်လိုက်လျှင် […]
ရွာရိုးကိုးပေါက်
ရွာရိုးကိုးပေါက်တင်ညွန့်အသားရောင်းသူသည် အရိုးကို ခုတ်ဖြတ်လိုက်စဉ် အရိုးစလေးတစ်စက မျက်စိထဲ ဝင်သွားလေသည်။ မည်သို့မျှ ထုတ်၍မရသည့် အဆုံးတွင် ဆေးဆရာထံ လာပြသည်။ထိုနေရာသည် မြို့နှင့်လည်း အလှမ်းဝေးသည့်အပြင် ဆေးရုံနှင့်လည်း မနီးသည်ဖြစ်ရာ အပ်ပုန်းဒေါက်တာ ရမ်းကုတွေကိုသာ အားကိုးနေရသည့်ရွာဖြစ်သည်။ ဒေါက်တာရမ်းကုထံ လာကုသည်မှာ ပျောက်ပါသည်။ ရောဂါပျောက်လျှင်ပျောက်၊ မပျောက်လျှင် အသက်ပျောက်သည်။ဒေါက်တာရမ်းကုက မျက်စိဝေဒနာ […]
မဂေါက်စံသရက်
မဂေါက်စံသရက်ခင်ခင်ထူးသည်နေရာကလေးကို အမေကျေး နေ့စဉ်ဆက်ဆက်ကြီး လာနေရတာကိုက ဆယ့်ငါးနှစ်တင်းတင်းပြည့်ခဲ့ပြီ။ အမေကျေး အသက်တောင်မှ ခုနစ်ဆယ်ကျော်လို့ ရှစ်ဆယ်တွင်းရောက်လာခဲ့ပေါ့။ ခါးကုန်းကုန်းလည်တုန်တုန်နဲ့ တုတ်ကလေးတစ်ချောင်းဆွဲပြီး ဟောသည်သရက်ပင်ကြီးအောက် နေမွန်းမတည့်ခင် အရောက်လာခဲ့ရတဲ့အခေါက်ပေါင်းတောင်မရေနိုင်တော့ဘူး။ လူကအိုအို၊ လက်ဆွဲခြင်းကလေးအိုအိုနဲ့ပေမယ့်သရက်ပင်ကြီးအောက်ဝင်လိုက်တိုင်း ရင်ထဲ တနင့်တပိုးခံစားရတဲ့ ဝေဒနာကတော့ မအိုသေးဘူး၊ မနေ့တစ်နေ့တုန်းကလိုပဲ။ ဆယ့်ငါးနှစ်ကြာဒဏ်ရာဟောင်းက သွေးစိမ်းရှင်ရှင်တွေ မဖြစ်စကောင်း လတ်လတ်ဆတ်ဆတ်ကြီးထွက်အန်ကျနေသလိုပါပဲ။“အို […]
မရိုးကောက် (ဝတ္ထတို)
မရိုးကောက် (ဝတ္ထတို)ခင်ခင်ထူး “ကိုရင်သာဖန်းရယ် ကျုပ်ဝတ်ချင်စားချင်လှလို့ ပြောသာမဟုတ်ပါဘူးတော် လှချင်ပချင်စိတ်ဆိုသဟာများတော့ ဝေးရော | ကျုပ်တစ်သက်ဖြင့် မသေခင်စပ်ကြား နားကပ်ကလေး တစ်ရန်လောက်တော့ ဝတ်ဖူးသယ်ရှိအောင် ဝတ်ကြည့်ချင်စမ်းလှတော်| တကယ်ပဲ”( ၁ )သည်လို နေဝင်ဖျိုးဖျ ထတောကြီး ( ထန်းတောကြီး) ညို့ချိန်ဆိုရင် ထတောကြီးဘက်က မီးခိုး အလိပ်လိပ်ကြီးတွေ မှိုင်းမှိုင်းထအောင် […]
ကျူး (စ-ဆုံး)
ကျူး (စ-ဆုံး)ခင်ခင်ထူးဧရာဝတီ မြစ်ဆိပ်က ဆင်ခြေလျှော ကုန်းမြင့်ကို ကိုက် တော်တော်များများ တက်လာရင်ပဲ သည်ရပ်ကွက်ကလေးကို စတွေ့ရမှာပါ။မြစ်ဆိပ် ကမ်းထိပ်မှာတော့ ကြီးမားတဲ့ ညောင်ပင်ကြီး ရှိမယ်။ ရပ်ကွက်ကလေးနဲ့ မြစ်ဆိပ်ကို နယ်ခြားထားတဲ့ ညောင်ပင်ကြီးပေါ့။ ညောင်ပင်ကြီးက ကျော်ရင် ဖုန်တသောသော ထနေတဲ့ ရပ်ကွက် ကလေးထဲကို ရောက်နိုင်ပြီ။ကွမ်းယာဆိုင်လေးတွေ၊ […]
ပြာကြိုး
တင်ညွန့်ဟိုးရှေးတုန်းက တောင်ခြေရွာလေးတစ်ရွာတွင်ဆင်းရဲသော လယ်သမားနှင့် သူ့မိခင်အို မုဆိုးမကြီး တစ်ဦး နေထိုင်သည်။ သူတို့တွင် လယ်မြေလေးအနည်းငယ်ရှိပြီး၊ ထိုလယ်မြေလေးတွင် စိုက်ပျိုးကာ ရသမျှလေးကို မှီခို၍ သားအမိနှစ်ယောက် ပျော်ရွှင်စွာ နေထိုင်ကြသည်။သားအမိနှစ်ယောက် နေထိုင်သော နယ်မြေကို အုပ်ချုပ်သည့်သူမှာ စစ်သည်မျိုးနွယ်တစ်ဦးဖြစ်ပြီး အာဏာရှင် ဆန်ဆန် စိုးမိုးနေသူတစ်ဦးဖြစ်သည်။ သူစိုးမိုးအုပ်ချုပ်နေသည့် နယ်မြေတွင် […]
စေတနာပဲ့တင်သံ
စေတနာပဲ့တင်သံ (ဝတ္ထုတို)တင်ညွန့်ကျွန်တော် တောကျောင်းကနေ မြို့ကျောင်းကိုပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာ နေရတာမဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေးကို ရောက်လာတယ်။ လေးတန်းအတန်းပိုင်တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက်ရှိတယ်။ အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ် လိုပဲ။ […]
လင်ပျောက်မ
လင်ပျောက်မ (ဝတ္ထုတို)တင်ညွန့်မိခင်က သားလေးလက်ကိုဆွဲလာပြီး ဈေးထဲကိုရောက်လာသည်။ဈေးထဲတွင် လူတွေစည်ကားနေချိန်ဖြစ်သည်။ သားငယ်က မိခင်လက်ကိုဆွဲလာရင်းက“အမေ”“ဘာလဲသား”“သား … ဟို ကောက်ညှင်းပေါင်း စားချင်လို့”“သားရယ် အမေ့မှာ ပိုက်ဆံမရှိသေးဘူး။ မင်းအဖေက ဈေးထဲကိုလာခဲ့ ပိုက်ဆံပေးမယ်ဆိုလို့ လာခဲ့တာ။ မင်း အဖေကို ခုထိ ရှာမတွေ့သေးဘူး”“အမေ … ရေခဲချောင်း စားချင်တယ်”“သား မပူဆာနဲ့ကွယ် […]
အနင်းချေခံ ပန်းတစ်ပွင့်
” သီတာ မနက်ဆယ်နာရီ အစည်းအဝေးတဲ့ “ ” ဟုတ်မမခိုင် “ အခန်းထဲ၌ ချိတ်ဆွဲထားသောနာရီအားကြည့်လိုက်ရာ မနက် ၉နာရီ ၄၀မိနစ်။ အစည်းအဝေးစရန် မိနစ်နှစ်ဆယ်ကျန်သေးသည်မို့ သီတာ တစ်ယောက် သင်္ချာပုစ္ဆာကို ကလေးများအား ဆက်လက်ရှင်းပြလိုက်၏။ ” ကဲ သားတို့သမီးတို့ရေ ဒီပုစ္ဆာတွေတွက်ထားပါ ၊ […]